ဒီ Post ကိုတော့ အထူးသဖြင့် Internet ဆိုင်တွေ၊ Game ဆိုင်တွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့HDD တွေကို Clone ရိုက်ရသလည်း ဆိုတာကို အရင်ရှင်းပြပါ့မယ်။
ကျွန်တော်တို့ စက်တစ်လုံးကို Window တင်တဲ့အခါမှာ Window Installation အပိုင်းချည်းပဲကို အနည်းဆုံး ၄၅ မိနစ်လောက်ကြာပါတယ်။ ဂိမ်းဆိုင် သို့မဟုတ် အင်တာနက်ဆိုင်အတွက် အခြားလိုအပ်တဲ့ Software တွေကိုပါ ထပ်သွင်းမယ်ဆိုရင် အနည်းဆုံး ၂နာရီကျော်ကျော်လောက်ကြာပါတယ်။ ဒါဟာ စက်တစ်လုံးတည်းအတွက်ပါ။ အကယ်လို့များ ကျွန်တော်တို့က ဆိုင်တစ်ဆိုင်မှာ စက်အလုံး ၂၀
ရှိတယ်ဆိုပါစို့ ကျွန်တော်တို့က တစ်လုံး ချင်းစီ တင်မယ်ဆိုရင်အချိန်ဘယ်လောက်ကြာမလည်းဆိုတာကို တွက်ကြည့်လိုက်ပါ။ ဒီတော့ ကျွန်တော်တို့က အချိန်တွေကိုလျော့ချပြီး အမြန်ဆုံး ပြီးစီးအောင်
လုပ်ဆောင်ဖို့နည်းလမ်းကတော့ HDD Clone ရိုက်နည်းပဲဖြစ်ပါတယ်။ Clone ရိုက်နည်းများစွာရှိတဲ့အထဲမှာမှ ကျွန်တော်ဒီ Post မှာ Northon Ghost နဲ့ လုပ်ဆောင်နည်းကို ပြောပါ့မယ်။ကဲ စကားတွေများသွားပြီ ဆက်လိုက်ရအောင် ကျွန်တော်တို့ အရင်ဆုံး Northon Ghost ကို Install လုပ်လိုက်ပါ့မယ်။ ပြီးသွားပြီဆိုတာနဲ့Software ကို ဖွင့်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။

အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က အောက်ပါပုံအတိုင်း

Ghost Advanced ကိုဝင်လိုက်ပါ့မယ်။ ဒီနေရာမှာ ကျွန်တော်တို့ကညာဘက်ခြမ်းမှာရှိသော Clone ဆိုတာကို ၀င်လိုက်ပါ့မယ်။ ဒါဆိုရင်

အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က အောက်ပါပုံအတိုင်း

Ghost Advanced ကိုဝင်လိုက်ပါ့မယ်။ ဒီနေရာမှာ ကျွန်တော်တို့ကညာဘက်ခြမ်းမှာရှိသော Clone ဆိုတာကို ၀င်လိုက်ပါ့မယ်။ ဒါဆိုရင်

အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့က Next ကိုနှိပ်လိုက်ပါ့မယ်။အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ

ကျွန်တော်တို့က တစ်ခု အရေးကြီးဆုံး သတိထားရမယ့်အချက်ကHDD ရဲ့ Model Number, Serial Number တွေပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ အချက်တွေကို သတိမထားပဲ မှားယွင်းလုပ်
ဆောင်မိတယ်ဆိုရင် မူရင် Final လုပ်ထားတဲ့ HDD ကို ထိခိုက်ပျက်စီးစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Board မှာတပ်ဆင်မယ့်အခါမှာ Port ဘယ်လောက်မှာတပ်မှာလည်း?..... နောက်တစ်
ချက်က HDD ရဲ့ Lable မှာပါတဲ့ Size, Model, Serial Numberတွေကို သေချာမှတ်ရပါမယ်။ မူရင်း HDD ကို Source နေရာမှာဖော်ပြပေးပြီးတော့ Clone လုပ်မယ့် HDD ကို Desination နေရာမှာဖော်ပြပေးမှာဖြစ်ပါတယ်။ အထပ်ဖော်ပြပါပုံအတိုင်း Select မှတ်ပေးပြီးတာနဲ့ Next ကို နှိပ်ပေးလိုက်ပါမယ်။

ဖော်ပြပါပုံကတော့ Clone လုပ်မယ့် Disk ကို ပြောတာဖြစ်ပါတယ်။ကျွန်တော်တို့က OK ကို နှိပ်လိုက်ပါမယ်။

ပီးသွားရင် အထပ်ပါပုံအတိုင်းမှ Next ကို နှိပ်လိုက်ပါမယ်။ Advanced settingsထဲကို ၀င်စရာမလိုပါ....

အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က Run Now
ဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း
ပေါ်လာမှာဖြစ်ပါတယ်။

ဒီနေရာမှာ Message ပြတာကတော့ OK နှိပ်ပြီးတာနဲ့ စက်က Restart
ကျသွားပြီး DOS Mode ထဲကနေ လုပ်မယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။
OK နှိပ်ပြီးတာနဲ့ ကွန်ပျူတာက Restart ကျသွားပါမယ်။ ပြန်တက်လာတဲ့
အခါမှာတော့

ရွေးချယ်စရာ ထဲမှာမှ Option 1 ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့

HDD ကို Clone လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။% 100 ပြီးသွားပြီဆိုရင်တော့ HDD ကို Clone လုပ်ဆောင်ခြင်းပြီးသွားပြီဖြစ်ပါတယ်။ ဒီအခါမှာတော့ မိမိကွန်ပျူတာတွေမှာ တပ်ဆင်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အချိန်အားဖြင့် အနည်းဆုံး ၃၀ မိနစ်လောက်ကြာမြင့်မှာဖြစ်ပါတယ်။ နောက်ထပ်ဆက်လက်ပြီးတော့လည်း Ancronic True Image ဆိုတဲ့ Software နဲ့ Clone လုပ်နည်းကိုလည်း ဖော်ပြပေးပ့ါမယ်။ Ancronic နဲ့ ဆိုရင်တော့ အများဆုံး ၁၅ မိနစ်လောက်ပဲကြာမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်
Cristiano Zarni@ ဦးဇာနည်